How to make your child self-confident?
1) When your child is talking to you, face him/ her, take his/ her words seriously and let him/ her feel it. Eye contact and conversation raise your child’s self-confidence.
2) Give your child responsibility that he/ she can handle.
3) Spend some time with your child. The way you spend the time together will make your child feel special.
4) Have conversations with your child about everything (age appropriate language). The child will develop ideas, logical thinking and will get confidence to talk freely about everything.
5) Tell your child often that you love him/ her. Love words are powerful in gaining strong self-confidence.
6) Put your child in first place. His/ her feeling of being important will influence his positive behavior and eliminate unwanted behavior.
7) Let your child do everything that he/ she must do at his/ her age (dressing, lacing shoes, tidying up the room, getting ready for the next school day). His/ her progress and individual development will increase his/ her self-esteem and self-confidence.
8) Don’t compare your child with others. Every child’s intelligence and individual abilities are unique. Your comparison means disrespect to your child.
9) Don’t make excessive expectations from your child. It will add stress and internal conflict to his/ her life. Your expectations should be suitable to his/ her age.
10) Give importance to your child’s school life, education and everything he/ she is fond of. School progress and happiness will contribute into the child’s personal and self-confidence development.
11) Create a happy and peaceful family environment. Nothing can be compared with the family contribution in child’s self-confidence development.
သင့်ကလေးရဲ့ ကိုယ်ပိုင်ယုံကြည်မှု တိုးတက်စေရန် ဘာတွေလုပ်ကြမလဲ..?
1) သင့်ကလေးမှသင့်ကို စကားပြောသောအခါ သင့်ကလေးနှင့် မျက်နှာချင်းဆိုင်၍ သူတို့၏ စကားလုံး တိုင်းကို လေးနက်စွာနားထောင်နေကြောင်းကို သူတို့သိပါစေ။ မျက်လုံးချင်းဆုံပြီး စကားပြောဆိုခြင်းသည် သင့်ကလေး၏ ကိုယ်ပိုင်ယုံကြည် မှုကို မြှင့်တင်ပေးပါသည်။
2) သင့်ကလေးအား သူတို့ပြုလုပ်နိုင်သော တာဝန်များကိုပေးပါ။
3) တချို့သောအချိန်များကို သင့်ကလေးနှင့်အတူအသုံးပြုပါ။ ၎င်းကဲ့သို့ အချိန်ကို အတူတကွ အသုံးပြုခြင်း နည်းလမ်းသည် သင့်ကလေးကို ထူးခြားသည့် ခံစားမှုရအောင်ပြုလုပ်ပေးပါလိမ့်မည်။
4) သင့်ကလေးအား အကြောင်းအရာတိုင်းကို အသက်အရွယ်နှင့် သင့်လျော်သော စကားအသုံးအနှုန်းဖြင့် စကား ပြောပါ။ ကလေးသည် အတွေးအခေါ်များ၊ ယုတ္တိဗေဒကျကျစဉ်းစားတွေးတောခြင်းများ (အကျိုးအကြောင်း ဆက်စပ်ခြင်း)ဖြင့် အကြောင်းအရာများကို လွတ်လပ်စွာပြောဆိုနိုင် ရန် ယုံကြည်မှုများရရှိလာပါလိမ့်မည်။
5) သင့်ကလေးအား သင်ချစ်သည့်အကြောင်းကို မကြာခဏ ပြောကြားပေးပါ။ ချစ်မြတ်နိုးဖွယ် စကားလေးများ သည် ခိုင်မာသော ကိုယ်ပိုင်ယုံကြည်မှုရရှိရန်အတွက် အင်အားကြီးမားလှပါသည်။
6) သင့်ကလေးကို ပထမဦးစားပေးနေရာတွင်ထားပါ။ ဤသို့အလေးထားခံရခြင်းကြောင့် သူ၏စိတ်ခံစားမှုများ သည် မလိုလားအပ်သော အမူအကျင့်ကိုဖယ်ထုတ်ပြီး ကောင်းသောအမူ အကျင့်များ လွှမ်းမိုးလာပါ လိမ့်မည်။
7) သူတို့အသက်အရွယ်၌ ပြုလုပ်ရမည့်အရာတိုင်း (အ၀တ်အစားဝတ်ဆင်ခြင်း၊ ဖိနပ်ကြိုးချည်ခြင်း၊ အခန်းကို သပ်ရပ်သေသပ်အောင်ပြုလုပ်ခြင်း၊ ကျောင်းနောက်နေ့အတွက်အဆင်သင့်ပြင်ဆင်ခြင်း)ကို သင့်ကလေး အားပြုလုပ်ခိုင်းပါ။ သူ၏ တိုးတက်ဖွံ့ဖြိုးမှုသည် မိမိကိုယ်ကိုမိမိ အကောင်းမြင်တတ်ခြင်းနှင့် ကိုယ်ပိုင် ယုံကြည်မှုကို တိုးမြှင့်ပေးပါလိမ့်မည်။
8) သင့်ကလေးကို အခြားကလေးများနှင့် မနှိုင်းယှဉ်ပါနှင့်။ ကလေးတိုင်းတွင် ကိုယ်ပိုင်အသိဥာဏ်နှင့် ကိုယ်ပိုင် အရည်အချင်းများရှိပါသည်။ သင်၏နှိုင်းယှဉ်မှုသည် သင့်ကလေးအား မလေးစားသည့် သဘောကိုသက် ရောက်စေပါသည်။
9) သင့်ကလေးအပေါ်ကို မျှော်လင့်ချက်အလွန်အကျွံမထားပါနှင့်။ သူ့ဘ၀တွင် ရုန်းကန်မှု(ပဋိပက္ခ)များနှင့် စိတ်ဖိစီးမှုများဖြစ်လာပါလိမ့်မည်။ သူ၏ အသက်အရွယ်နှင့် သင့်လျော်သော မျှော်လင့်ချက်မျိုးလည်းဖြစ် သင့်ပါသည်။
10) သင့်ကလေး၏ ကျောင်းသားဘ၀၊ ပညာရေးနှင့် သူမြတ်နိုးသော အရာတိုင်းကို အလေးထားပေးပါ။ ကျောင်း၌ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပျော်ရွှင်မှုများသည် ကလေး၏ ပုဂ္ဂိုလ်ရေးနှင့် မိမိကိုယ်ကို မိမိယုံကြည်မှု ဖွံ့ဖြိုးရေးအတွက် အထောက်အကူပေးပါလိမ့်မည်။
11) ပျော်ရွှင်ဖွယ်ရာ ငြိမ်းချမ်းသော မိသားစုကမ္ဘာလေးကို ဖန်တီးပါ။ ကလေးကိုယ်ပိုင်ယုံကြည်မှု ဖွံ့ဖြိုးတိုး တက်ရေးအတွက် မိသားစု၏ အကူအညီထောက်ပံ့ပေးမှုကို မည်သည့်အရာကမျှမယှဉ်နိုင်ပါ။